မရမ်းကုန်းမြို့နယ်တွင် သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မရမ်းကုန်း ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌  သန့်ရှင်းသာယာသပ်ရပ်စေရေး အတွက် ယနေ့နံနက် ၆ နာရီတွင် မရမ်းကုန်းမြို့နယ် အမှတ်(၄) ရပ်ကွက်ရှိ ကျိုက်ဝိုင်းဘုရားလမ်း (အောင်သပြေ ရဲရိပ်သာဝန်း) ရေမြောင်းရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ချောင်းများ၊ မြောင်းများ ပိတ်ဆို့နေမှု မဖြစ်ပေါ်စေရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန် အမှိုက်များ ဆယ်ယူခြင်း၊ ရေမြောင်းအတွင်း ပိတ်ဆို့နေသော စွန့်ပစ်ပစ္စည်းများအား ရှင်းလင်းခြင်းနှင့် သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်အမှိုက်များ ရှင်းလင်းခြင်း၊ မြက်ပင်/ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်မှ စီမံဝန်ထမ်း (၅) ဦး၊ သန့်ရှင်းရေးလုပ်သား (၁၀) ဦး၊ ရေစီးရေလာလုပ်သား (၁၀) ဦး၊ ပန်းဥယျာဉ် လုပ်သား (၁၀) ဦး၊ လမ်းတံတားလုပ်သား (၅) ဦး၊ စုစုပေါင်းအင်အား (၄၀) ဦး၊ Forland မော်တော်ယာဥ် (၁)စီးတို့ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)