ကြည့်မြင်တိုင် ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက UTS ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀နာရီအချိန်က အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာက ကူးစက်တက်သောရောဂါများအကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် မင်းကိုချစ်က ကျား/မ တန်းတူညီမျှမှု မရှိခြင်းကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုမှ ကာကွယ်ခြင်းအကြောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ရွှေဇင်ထွန်းက အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်ခြင်းအကြောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်ခင်လှဦးက မိခင်နှင့်ကလေးများ၏ ကျန်းမာရေးအကြောင်းအရာများ စသည့် အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မိခင့်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ UTS ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)