ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌  ဟိုတယ်၊ ဈေးနှင့် ရုံးဌာနများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်

ဒဂုံမြောက် ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဟိုတယ်၊ ဈေးနှင့် ရုံးဌာနတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရန် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် (၃၇)ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ ရေနဂါး(Hotel)တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ (၄၆)ရပ်ကွက်၊ ဗိုလ်ထွန်းလင်းလမ်း၊ စံရိပ်ငြိမ်ဈေးရှိ ဈေးတာဝန်ခံနှင့် ဈေးသူ/ ဈေးသား (၄၀)ဦး၊ (၄၀) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်၊ ဗိုလ်မင်းရောင်ဈေးရှိ ဈေးတာဝန်ခံနှင့် ဈေးသူ/ ဈေးသား (၅၀) ဦး၊ အမှတ် (၂၉) ရပ်ကွက်၊ မောင်းမကန်ကမ်းသာလမ်းရှိ မြို့နယ်လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦစီးဌာနရုံး(၁)၊ ရန်ကုန်တွင် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝေလင်းနှင့် ဝန်ထမ်း (၅၀) ဦးတို့အား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟော​ပြောခြင်း၊ ဈေးဆိုင်ခန်း များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ