စမ်းချောင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

စမ်းချောင်း ဩဂုတ် ၅

မြို့နယ်အတွင်းရှိ လမ်းများ အဆင်ပြေစွာ သွားလာနိုင်ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေမြောင်း ပိတ်ဆို့မှုများ မဖြစ်ပေါ် စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း/မြောက်ရပ်ကွက်၊ ပဒုမ္မာလမ်းအား ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် လမ်းချဲ့ခြင်း၊ ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်‌ နေ့၊ နံနက်ပိုင်းအချိန်က တာဝန်ရှိ သူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့သို့ ကွင်းဆင်းရာတွင် စမ်းချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များက မြို့နယ်အတွင်း‌ ဒေသဖွံဖြိုးရေး‌လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေနှင့် လက်ရှိဆောင်ရွက်ဆဲဖြစ်သော ပဒုမ္မာလမ်း ချဲ့ထွင်ခင်းကျင်းမှုအား လုပ်ငန်းအရည် သွေးပြည့်ဝစေရန်နှင့် သတ်မှတ်ချိန်မီပြီးစီးနိုင်‌စေ‌ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ စမ်းချောင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ရေမြောင်းများ တူးဖော်ခြင်း၊ မြောင်းဘောင်များချဲ့ခြင်း၊ လူသွားစင်္ကြံများ ပြုလုပ်ခြင်း၊ လမ်းများ ချဲ့ထွင်ခြင်းနှင့်‌ ရေပိုက်များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု(၉၀) ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ထူးထက် (ပြန်/ဆက်)