ကျိုင်းတုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ

ကျိုင်းတုံ မတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို  ဖေဖော်ဝါ၇ီ ၂၇ ရက် နံနက်  ၉ နာရီခွဲက မိုင်းခွန်ကျေးရွာအုပ်စု၊ ‌ပန်လီကျေးရွာတွင် ပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ကျိုင်းတုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူက အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ယခုသင်တန်းမှပို့ချလိုက်သည့် မီးဘေးလုံခြုံရေးဆိုင်ရာများ၊ အခြားသောဘေးအန္တရာယ်များဖြစ်ပွားပါက အလျင်မြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးသည်ထက်နည်းပါးစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအုပ်ချုပ်‌ရေးအဖွဲ့များ၊ မီးသတ်သန္ဓေတပ်ဖွဲ့ဝင်များ၊ ရပ်/ရွာပြည်သူများနှင့်ပူးပေါင်း၍ ဒေသအကျိုးအတွက်ဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ထူးချွန်ဆုရသင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်  မြို့နယ်မီးသတ်ဦးစီးမှူးတို့က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

အဆိုပါ သင်တန်းသို့ ‌ကျေးရွာနေပြည်သူ သင်တန်းသား (၅၀) ဦး တက်ရောက်ပြီး သင်တန်းကို ဖေဖော်ဝါရီ လ ၂ ရက်မှ ၂၇ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)