ကျိုင်းတုံမြို့နယ်တွင် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဖွင့်လှစ်

ကျိုင်းတုံ မတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၏ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း (၁/၂၀၂၆)ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်က လွိုင်မွေကျေးရွာအုပ်စု၊ ပန်ကွဲတောင်ရွာ၊ နှစ်သက်ဂေဟာတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ သင်တန်းသား (၅၀)ဦး တက်ရောက်ပြီး ဖေဖော်ဝါရီ ၁၆ ရက်မှ မတ်လ ၂၇ ရက်အထိ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူ‌ထောင်ပေးခြင်းအပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အိမ်တွင်းလျှပ်စစ်ပြင်အခြေခံ၊ ဆံသ၊ စိုက်ပျိုး/မွေးမြူရေး၊ ပန်းရံ၊ လက်သမား၊ ဂ‌ဟေဆက်၊ ကား/ဆိုင်ကယ်နှင့် အခြားစက်ပိုင်းဆိုင်ရာပြုပြင်ရေး၊ ဘလော့အုတ်ပြုလုပ်နည်း စသည့်ဒေသနှင့်ကိုက်ညီသည့် ပညာရပ်များကို သင်တန်းသားများ၏ ဝါသနာပေါ်မူတည်၍ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)