ကော့မှူးတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို စကားဝိုင်း ကျင်းပ

ကော့မှူး မတ် ၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို စကားဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာ‌ဇာယမင်းဦးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၇၅ ခုနှစ်၊ မတ်လ(၈) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တရားဝင်သတ်မှတ်ပေးခဲ့ကြောင်း၊ ကမ္ဘာ့အမျိုးသမီးထုအတွက် အခွင့်အရေးမြှင့်တင်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း ကျား/မတန်းတူညီမျှမှုမြှင့်တင်ပေးခြင်းတို့အား ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ နှစ်စဉ်မတ်လ(၈)ရက်နေ့ရောက်တိုင်း ဆောင်ပုဒ်များသတ်မှတ်ပေးကာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားများကို ကမ္ဘာ့နဲ့အဝန်းကျင်းပကြကြောင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စကားဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။

ဆက်လက်၍ တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်း‌ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သန္တာမိုးတို့က အမျိုးသမီးများအပေါ်ကာကွယ်စောင့်ရှောက်မှုများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသော အမျိုးသမီးများအပေါ်ကူညီဆောင်ရွက်ပေးနေမှုများ၊ အမျိုးသမီးများအ‌ပေါ်ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအပေါ်ကူညီထောက်ပံ့ပေးနေမှုအား ပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ရသစာအုပ်စာစောင်များနှင့် အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသထားရာ တက်ရောက်လာသောတာဝန်ရှိသူများက စိတ်ပါဝင်စားစွာကြည့်ရှုနေကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)