ဒဂုံမြောက် မတ် ၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များမှ မိဘမဲ့ကျောင်းများ၊ IDP camp များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများရှိ လူစုလူဝေးဖြင့် နေထိုင်သည့်နေရာများတွင် အသက် ၉ လမှ ၁၅ နှစ် ကလေးများ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၇ ရက်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်းမြို့နယ်)၊ အမှတ်(၁၆)ရပ်ကွက်နှင့် အမှတ်(၄၂)ရပ်ကွက်တို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် အမှတ်(၄၂)ရပ်ကွက်ရှိ ထေရဝါဒဘုန်းကြီးကျောင်းနှင့် အမှတ်(၁၆)ရပ်ကွက်ရှိ ဓမ္မဂုဏ်ရည်သီလရှင်ကျောင်းတိုက်တို့တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၃ မတ်လ ၄ ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ရည်မှန်းဆေးထိုးမည့်ကလေးငယ်ဦးရေ ၃၀၁ ဦး ဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ၂၅၉ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြင့်မြင့်ရီ