အလုံမြို့နယ် ဟားခါးပညာရေးဒီကရီကောလိပ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်

အလုံ မတ် ၁

အလုံမြို့နယ် ဟားခါးပညာရေးဒီကရီကောလိပ်၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ေပးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့သည်။

ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်စုံနှင့်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြု၍ မီးအမျိုးအစားများအားရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်နည်း(၄)နည်းအားရှင်းလင်းခြင်းစသည့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့်ဗဟုသုတများကို အသိပညာပေးပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်မှုအဆင့်ဆင့်အား လက်တွေ့သရုပ်ပြသခဲ့သည်။

အဆိုပါအခမ်းအနားသို့ အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးဦးရဲကိုကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်စိုး၊ အလုံမြို့နယ်မြို့မရဲစခန်း ရဲမှူးဦးဝင်းမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်စုံနှင့် တပ်ဖွဲ့ဝင်များ၊ အလုံမြို့နယ်အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များ၊ အလုံမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ/ဆရာမ (၂၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)