မဟာအောင်မြေ မတ် ၁
မန္တလေးမြို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သော သောက်ရေအိုးစင် ယဉ်ကျေးမှုတစ်ခေတ်ဆန်းစေဖို့ ဟေမမာလာတောင် ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ ရေသန့်အလှူတော် အခမ်းအနားဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဟေမမာလာတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားဖွင့်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ မဟာအောင်မြေမြို့နယ် (၁၈)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ပေးခဲ့ပြီး မန္တလေးမြို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သော သောက်ရေအိုးစင် ယဉ်ကျေးမှုတစ်ခေတ်ဆန်းစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ထားရှိကာ မည်သူမဆို (အခမဲ့) လာရောက်သယ်ယူ သောက်သုံးနိုင်ကြောင်းသိရပြီး နေ့စဉ် လီတာ (၂၀)ပါ ရေသန့်ဗူးကြီး (၁၄၀) ဗူးခန့် ထုတ်ယူသုံးစွဲနိုင်ကြောင်းလည်း သိရသည်။
ရွှေတိုး