လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် ၂၀၂၆-ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် စကားဝိုင်း ကျင်းပ

ဗဟန်း မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်စကားဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစကားဝိုင်းသို့ ကမာရွတ်ခရိုင်၊ အမျိုးသမီးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီနီအေး၊ ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံဝင်း၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် စိတ်ပါဝင်စားသူလူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ထိုစကားဝိုင်းတွင် ကမာရွတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုဒါရီ၊ ဗဟန်းမြို့မရဲစခန်းမှ ဒုရဲအုပ်ဒေါ်နဒီထူး၊ ဗဟန်းမြို့နယ်ဥပဒေရုံးမှ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်ကေခိုင်ဇင်နှင့် ဗဟန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူး ဒေါ်နီလာမြင့်တို့မှ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ပေးနိုင်သည့် ဥပဒေနှင့်ပုဒ်မများအကြောင်းနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်းကို စကားဝိုင်းကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများမှ အမျိုးသမီးကဏ္ဍနှင့်ပက်သက်၍ သိလိုသည့်အ​ချက်များ မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရပါသည်။

စကားဝိုင်းအပြီးတွင် အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူးက ပါဝင်ဆွေးနွေးခဲ့သူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။

သင်းသင်းစိုး(ပြန်ဆက်)