ရေကြည်မြို့နယ်၌ စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်

ရေကြည် မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စု ဆင်း‌ဧကရီ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း သမဝါယမအသင်းသို့ တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့် သတ္တမအကြိမ် စိုက်ပျိုးရေးသွင်းအားစုများ ပံ့ပိုးခြင်းကို ဖေဖော်ဝါရီ (၂၇)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမဦစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းက သွင်းအားစုများပံ့ပိုးပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆင်းဧကရီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးလှနိုင်စိုးက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ အသင်းသား (၃၀)ဦး၏ နွေစပါးစိုက်ဧက (၂၀၀)ဧကအတွက် တစ်ဧကလျှင် ပံ့ပိုးငွေကျပ် (၁၅၀၀၀)ကျပ်နှင့်ညီမျှသည့် သွင်းအားစုရွေပင်သန်ပုလဲ (၁၂၀)အိတ်၊ (၁၅)ပတ်လည် (၁၂၀)အိတ် စုစုပေါင်းတန်ဖိုးငွေကျပ် သိန်းသုံးရာကို ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)