မြစ်သား မတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်ရှင်များအားမီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးကြိုတင် ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်း က မြို့နယ်မီးသတ်ဦးဌာနရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ရှေးဦးစွာမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်ကလောင်စာဆီဆိုင်များအနေဖြင့် မီးလောင်မှုဖြစ်ပွားနိုင်ခြေအများ ဆုံးဖြစ်နိုင်သည့် နေရာတစ်နေရာ ဖြစ်သောကြောင့် တာဝန်ရှိသူများအနေဖြင့် လောင်စာဆီများ သိုလှောင်ရာတွင် လည်းကောင်း၊ ပြန်လည် ဖြည့်တင်းရာတွင်လည်းကောင်း အစဉ်သတိပြု ကြစေလိုကြောင်းနှင့် မီးလောင်မှုဖြစ်ပွား စေသော အခြေခံသဘောတရားများ၊ မီးလောင်မှုဖြစ်စဉ်များ အကြောင်းများကို ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပြီး သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်ဆေးဗူးအမျိုးမျိုးနှင့် မီးငြှိမ်းသတ် ခြင်းများ၊ ရေစိုအဝတ်ဖြင့်အောက်ဆီ ဂျင်ဖြတ်ပြီးမီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြ ခဲ့ကြောင်းသိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)