ရန်ကင်းမြို့နယ်၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းအခမဲ့ သင်တန်းဖွင့်လှစ်

ရန်ကင်း မတ်လ  ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ် ၅ ရပ်ကွက်ရှိ ရန်ကင်းဂုဏ် ရည်ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်၌ ယနေ့နံနက် ၁၀ နာရီအချိန်က ရန်ကင်းဂုဏ် ရည်စာကြည့် တိုက်ကြီးကြပ်မှုကော်မတီကကြီးမှူး၍  နွေရာသီအခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းအားဖွင့်လှစ်သည်။

အခမ်းအနားတွင် အမှတ် ၅ ရပ်ကွက် ဥက္ကဋ္ဌဦးမျိုးမြင့်ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်လှလှထွေးက အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင်နွေရာ သီကျောင်းပိတ်ရက်ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်၊ အရောင်သုံးနည်း၊ အလင်းအမှောင်ညှိခြင်း ဖန်တီးနိုင်စွမ်းတိုးတက်စေရန်၊ စဉ်းစားတွေးခေါ် နိုင်စွမ်းမြှင့်တင်နိုင်ရန်အတွက် အခြေခံပန်းချီပညာရပ်များကို စနစ်တကျသင်ကြားပေး ခြင်းဖြစ်ကြောင်း၊ ရန်ကက်းဂုဏ်ရည် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းထွန်း က သင်တန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပန်းချီသင်တန်းအား ပန်းချီနည်းပြဆရာကြီး ဦးအောင်သစ်က သင်ကြားပေးခဲ့ပြီး သင်တန်းကာလမှာ မတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၆၀ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

လှလှထွေး(ပြန်/ဆက်)