မြောင်းမြခရိုင်တွင် စာရေးဆရာ လယ်တွင်းသား​စောချစ်၏ "တစ်ပြည်သူမရွှေထား" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မြောင်းမြ မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က Book Club အဖွဲ့နှင့်  စာ​ရေးဆရာ လယ်တွင်းသား​စောချစ်ရေးသားသည့် တစ်ပြည်သူမရွှေထား ဝတ္ထုစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်း ပြုလုပ်‌ဆွေးနွေးရာတွင် ရှေးဦးစွာ Book Club အဖွဲ့နာယက ဆရာကြီးဦးခင်စိုးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးညီညီဌေး (စာရေးဆရာ နေခြည်မောင်-မြောင်းမြ)က ဦးဆောင်ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်တို့က ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်းအရာများ၊ ထင်မြင်ယူဆချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိသည်။

အောင်ဖြိုး(မြောင်းမြ)