ဓနုဖြူ မတ် ၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ဓနုဖြူမြို့နယ်၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းစုကျေးရွာအုပ်စု၊ တော်ကွဲကျေးရွာ၊ တော်ကွဲကျေးရွာအုပ်စု၊ တော်ကွဲကျေးရွာနှင့် ပေါက်ကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့နံနက် (၁၁)နာရီအချိန်က တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးကြီးဇေယျ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း၊ အမွှေးနံ့သာရည်ဖြန်းပက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ကျေးရွာအတွင်း မီးတပ်ဆင်ထားမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)