(၈၁)နှစ်မြောက် တပ်မ‌တော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်တုန်းမြို့၊ ဗိုလ်ချုပ်လမ်း ကွန်ကရစ်တိုးချဲ့ခင်းခြင်း(အပိုင်း-၁)ဖွင့်ပွဲ ကျင်းပ

ညောင်တုန်း မတ် ၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ‌ရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက (၈၁)နှစ်မြောက် တပ်မ‌တော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်တုန်းမြို့၊ ဗိုလ်ချုပ်လမ်း ကွန်ကရစ်တိုးချဲ့ခင်းခြင်း(အပိုင်း-၁)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ သယံဇာတ‌ရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ကွန်ကရစ်လမ်းအား တိုင်းဒေသကြီးစည်ပင်သာယာ‌ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦး‌အောင်ကျော်စိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်တို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့၍ တိုင်းဒေသကြီးစည်ပင်သာယာ‌ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးမှ သယံဇာတ‌ရေးရာဝန်ကြီးထံသို့လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှု‌‌ဆောင်အရာရှိမှ တိုင်းဒေသကြီးစည်ပင်သာယာ‌ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးထံသို့လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌထံသို့လည်းကောင်း ကွန်ကရစ်လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခဲ့ပြီး ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကွန်ကရစ်လမ်းတိုးချဲ့ခင်းခြင်း(အပိုင်း-၁)သည် လမ်းအရှည်နှစ်ဘက် အလျား (၇၀၃)ပေ၊ အနံ (၈‌)ပေ၊ ထု (၈)လက်မရှိပြီး ညောင်တုန်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)