လားရှိုး မတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၌ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ သံဃာဒါနစာရေးတံမဲနှင့် ဆွမ်းလောင်းလှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါ ဘုရားကြီးပရိဝုဏ်အတွင်း၌ ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အဆိုပါ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၌ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ သံဃာဒါနစာရေးတံမဲနှင့် ဆွမ်းလောင်းလှူပူဇော်ပွဲတွင် တက်ရောက်လာကြသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ မြို့နယ်အတွင်းရှိ စေတနာရှင်၊ သဒ္ဒါရှင်၊ ကုသိုလ်ရှင် ဘုရားဒါယကာ/ဒါယိကာမအပေါင်းတို့က ပင့်သံဃာတော် အပါး ၃၅၀ ပါးတို့အား စာရေးတံမဲနှင့် ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လောင်းလှူခဲ့ပြီး ဆရာတော်အရှင်သူမြတ်များထံမှ ဆွမ်းအနုမောဒနာတရားတော်များနာကြားခဲ့ကာ ရေစက်သွန်းချ အမျှအတန်းပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)