စဉ့်ကိုင်မြို့နယ်၌ ၂၀၂၀−၂၀၂၁ ပညာသင်နှစ် GRAGE- 4 (နောက်ဆက်တွဲ ) သင်တန်းပို့ချနေမှုအား ကြည့်ရှုစစ်ဆေး

စဉ့်ကိုင်        သြဂုတ် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် GRADE-4 (နောက်ဆက်တွဲ) သင်တန်းပို့ချနေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထူးထူးနိုင်တို့က ယနေ့နံနက် (၁၀) နာရီက တရုတ်စုရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဆရာ/ဆရာမများအား  ပညာရေး၀န်ကြီးဌာန၊  ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ညွှန်ကြားထားသည့်လမ်းညွှန်ချက်များအညီ ကျောင်းအ၀င်တွင် ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း MASK များတပ်ဆင်လာခြင်း ရှိ/မရှိ၊ လက်ကိုစနစ်တကျသန့်ရှင်းစွာဆေးကြောစေခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာတွင်  သင်ကြားပို့ချနေမှု ရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းသား ဆရာ/ဆရာမများအား လိုအပ်သည်များဆောင်ရွက်ရေး ဆွေးနွေးပြောကြားခဲ့သည်။

သင်တန်းတွင် မြိုအခြေခံပညာဦးစီးဌာန၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှပူးပေါင်း၍ သင်တန်းနည်းပြ (၂၀) ဦး၊ ကြီးကြပ် (၅) ဦးတို့က အနီးကပ်ကြီးကြပ်၍ သင်တန်းသား ဆရာ/ ဆရာမ  (၉၄) ဦး  တက်ရောက်ခဲ့ကြပြီး ပို့ချမည့်ဘာသာရပ်များအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ပန်းချီ၊ ဂီတ၊ စာရိတ္တ၊  ပြည်သူ့နီတိ၊ ဘ၀တွက်တာကျွမ်းကျင်စရာ၊ ကာယပညာဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သင်တန်းကာလမှာ သြဂုတ် (၄) ရက်နေ့မှ  သြဂုတ် (၁၀) ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း   ဒု-လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်သဲသဲထွန်းထံမှ သိရ သည်။

၀င်း၀င်းသန်း(စဉ့်ကိုင် ပြန်/ဆက်)