မူဆယ်မြို့တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်း ဆောင်ရွက်

မူဆယ် မတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းကို မူဆယ်မြို့၊ အမှတ် (၁) ဗဟိုဈေးကြီး၊ အမှတ် (၂) ဈေးနှင့် ဆင်ဖြူဈေးတို့တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအချိန်အခါသည် ခြောက်သွေ့ရာသီသို့ ရောက်ရှိလာသဖြင့် မီးသုံးစွဲသူများ မီးပေါ့ဆမှုကြောင့် မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ မူဆယ်ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ကွင်းဆင်း၍ မီးဘေးလုံခြုံရေးအတွက် ဟောပြောအသိပညာပေးခြင်း၊ ဈေးဆိုင်တိုင်းတွင် အရေးပေါ်မီးသတ်ဆေးဗူးများထားရှိရေး၊ မီးသတ်ရေငုတ်များနှင့် မီးသတ်ရေလှောင်ကန်များ၊ မီးဘေးလုံခြုံရေး ပစ္စည်းများအားစစ်ဆေး၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများဖြစ်သည့် ရေစိုဝတ်ဖြင့် ငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် ငြှိမ်းသတ်ခြင်းနှင့် မီးသတ်ကားဖြင့် မီးငြိမ်းသတ်ခြင်း လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးသူဝေးသားများက သရုပ်ပြငြှိမ်းသတ်ခြင်းများကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါမီးငြှိမ်းသတ် သရုပ်ပြခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းတိုးမှဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်မျိုး၊ ဦးစီးအရာရှိ ဦးလွှမ်းမိုးအောင်နှင့် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ် (၁) ဗဟိုဈေးကြီး၊ အမှတ် (၂) ဈေးနှင့် ဆင်ဖြူဈေးတို့မှ ဈေးသူဈေးသားများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)