ကျောက်မဲ မတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် တပေါင်းလပြည့်နေ့အထိမ်းအမှတ် (၄၅) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ်လ ၂ ရက်နေ့ နေ့လယ် (၁)နာရီက စိန္တာမုနိစေတီရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လှူဒါန်းပွဲကို ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့် ကျေးရွာနေ ပြည်သူများက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၄၇) ကျောင်းမှ သံဃာတော် (၈၂၄) ပါးနှင့် သီလရှင် (၁၄၁) ပါးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများကို သဒ္ဓါတရား ပြည့်ဝစွာ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသည် တပေါင်းလပြည့်နေ့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ဘာသာရေးအထိမ်းအမှတ် အခမ်းအနားတစ်ရပ်ဖြစ်ပြီး ယခုနှစ်တွင် (၄၅) ကြိမ်မြောက် အဖြစ် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)