ကျိုင်းတုံ မတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းများကို မတ် ၂ ရက်က စတင်၍ ကျိုင်းတုံခရိုင်နှင့် မြို့မအားကစားကွင်းများတွင် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။
သင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘိလိယက်နှင့် စနူကာ သင်တန်းများပါဝင်ပြီး သင်တန်းသို့ အားကစားဝါသနာရှင်များ၊ လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ သင်တန်းတက်ရောက်ကြပြီး ကျွမ်းကျင်နည်းပြဆရာများက မတ်လ ၂ ရက်မှ ၃၁ ရက်ထိ စနစ်တကျဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ထို့အပြင် နွေရာသီအားကစားပြိုင်ပွဲများအဖြစ် ချစ်ကြည်ရေး အမျိုးသားဘောလုံးပြိုင်ပွဲ(Over-40)၊ အမျိုးသား(၃)ယောက်တွဲ အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား အလွတ်တန်း ဖူဆယ်ပြိုင်ပွဲနှင့် U-18 ဘောလုံးပြိုင်ပွဲများကို နွေရာသီကာလအတွင်း ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ်အားကစားမှူး ဦးစိုင်းသိန်းထွန်း ထံမှသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)