တောင်ကြီးမြို့၌ မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

တောင်ကြီး  မတ်  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၁၃၈၇ ခုနှစ်တပေါင်းလပြည့်နေ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ် ၂ ရက် နံနက် ၈ နာရီ က လူထုအခြပြုဗဟိုဌာန ဘက်စုံသုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

ဦးစွာအခမ်းအနားကို ပြည်နယ်တိုင်းရင်းဆေးဦးစီးဌာနမှူး ဒေါ်ကြည်ကြည်မြင့်က မြန်မာ့တိုင်းရင်းဆေးဆရာအသင်း(ဗဟိုဥက္ကဌ) မှပေးပို့သည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ သဝဏ်လွှာအားဖတ်ကြားခဲ့သည်။ ထို့နောက် ဆရာဦးကျော်ဇေယျက မြန်မာ့တိုင်းရင်း ဆေးသမားတော်နေ့ဖြစ်ပေါ်လာပုံ အကြောင်းရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းရင်းဆေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးဌာနမှူး ဒေါ်ခင်ခင်ဦးက ၂၀၂၅ ခုနှစ် ငွေစာရင်းရှင်းတမ်းနှင့် သမားတော်များနေ့အလှူရှင်စာရင်းများအားဖတ်ကြားတင်ပြခဲ့သည်။

ထို့နောက် ကန်တော့ခံဆရာကြီး/ဆရာမကြီးများအား ပြည်နယ်တိုင်းရင်းဆေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများက  ပူဇော်ကန်တော့ခဲ့ကြကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)