ရန်ကုန် ဖေဖော်ဝါရီ ၂၄
သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ Grade 5 နှင့် Grade 9 အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့ နံနက် (၉) နာရီမှ ဆက်လက်ဖြေဆိုလျက်ရှိသည်။
အဆိုပါစာမေးပွဲများ ကျင်းပရာသို့ မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်မော်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်သဇင်ထွန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာစာစစ်ဌာန ကြီးကြပ်ရေးမှူးများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိမှု၊စာမေးပွဲ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြကြသည်။
အဆိုပါခရိုင်အဆင့်ကျင်းပသော Grade 5 စာမေးပွဲ၌ စာစစ်ဌာန (၃၄) ခု၊ တိုင်းဒေသကြီးအဆင့်ကျင်းပသော Grade 9 စာမေးပွဲတွင် စာစစ်ဌာန (၉) ခုတို့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိသည်။
သန်လျင်မြို့နယ်၌အခြေခံပညာ Grade 5 တွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၅၆၃၂) ဦး ဖြေဆိုသူ (၅၆၀၅) ဦးရှိပြီး ဖြေဆိုရာခိုင်နှုန်းမှာ ၉၉.၅၂ ဖြစ်ကာ Grade 9 တွင် ဖြေဆိုရန်စာရင်းပေးသွင်းထားသူ (၁၀၆၁) ဦးရှိပြီး ဖြေဆိုသူ (၁၀၅၄) ဦးရှိ၍ ဖြေဆိုရာခိုင်နှုန်းမှာ ၉၉.၃၄ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြိုးသီဟ