ရွှေပြည်သာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန (၄) ခုတွင် ကျောင်းသား/သူ (၂၆၃၃) ဦး ဝင်ရောက်ဖြေဆိုမည်

ရွှေပြည်သာ ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ်တွင်‌ မတ်လ (၁၁) ရက်နေ့တွင် ဖြေဆိုမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန (၄) ခုတွင် ကျောင်းသား/သူ (၂၆၃၃) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေပြည်သာမြို့နယ်တွင် စုစုပေါင်း ဖြေဆိုသူ (၂၆၃၃) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် (၇၆၉) ဦး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် (၆၆၄) ဦး အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် (၄၂၆) ဦး၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် (၇၇၄) တို့တွင် စာစစ်ဌာန (၄) ခု ဖွင့်လှစ်ပြီး ဖြေဆိုသွားမည်ဖြစ်ရာ တက္ကသိုလ်စာ‌မေးပွဲဖြေဆိုခွင့် ကတ်ပြားများအား ဖေဖော်ဝါရီ (၂၃) ရက်‌နေ့မှစ၍ စာစစ်ဌာနအသီးသီးတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုထွန်း (ပြန်/ဆက်)