လသာ ဖေဖော်ဝါရီ ၂၄
ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ ရန်ကုန်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာညီညီဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသုဝေနှင့် အဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်းရှိ CLL OEC အထူးကုဆေးခန်းမှ ဆေးဆိုင်၏ သာမန်ထိန်းချုပ်လိုင်စင်သက်တမ်းတိုးလျှောက်ထားမှုအား ယနေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဆေးဝါးသိုလှောင်ထားရှိမှုအခြေအနေ၊ အရည်အသွေးစံချိန်စံညွှန်းနှင့် ကိုက်ညီမှု၊ သန့်ရှင်းသပ်ရပ်မှု၊ သက်ဆိုင်ရာ စာရွက်စာတမ်းများ ပြည့်စုံမှုတို့အား စနစ်တကျ စိစစ်ဆောင်ရွက်ခဲ့ကြပြီး ဥပဒေနှင့်ညီညွတ်စွာ လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် လိုအပ်ချက်များကို လမ်းညွှန်အကြံပြုခဲ့ကြောင်း သိရသည်။
နေလင်း(ပြန်/ဆက်)