ညောင်ဦးမြို့နယ်၌ နွေစပါးသီးနှံ စိုက်ပျိုးတောင်သူများကို စပါး(ဆင်းသုခမျိုး)များ အခမဲ့ ပံ့ပိုးပေးအပ်ပွဲ ကျင်းပ

ညောင်ဦး မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ နွေစပါးသီးနှံ စိုက်ပျိုးတောင်သူများအား စပါးမျိုးစေ့(ဆင်းသုခ)ပံ့ပိုးပေးအပ်ပွဲ အခမ်းအနားကို ညောင်ဦးမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မတ် ၃ ရက်၊ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

နွေစပါးစိုက်တောင်သူများ ဆင်းသုခစပါးမျိုးပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးရီက နွေစပါးစိုက်ပျိုးတောင်သူများ စပါးမျိုးများ ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် စက်မှုလယ်ယာ ဦးစီးမှူးက Drum Seeder ဖြင့် စိုက်ပျိုးရခြင်းအကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး၊ ခရိုင်ပိုးမွှား တာဝန်ခံက သီးနှံပင်များ ပိုး/ရောဂါကာကွယ်နှိမ်နင်းမှုတို့အား ရှင်းလင်းပြောကြေားဆွေးနွေးသည်။

ထို့နောက် လက်ပံခြေပေါ်အုပ်စု၊ နွေစပါးစိုက်တောင်သူများ၊ အောက်ညဉ့်ကျေးရွာအုပ်စု၊ နွေစပါးစိုက်ပျိုးတောင်သူများအား ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးကိုကိုနိုင်၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်တို့က ဆင်းသုခစပါးမျိုးများ အား အခမဲ့ထောက်ပံ့ပေးအပ်သည်။ ညောင်ဦးမြို့နယ်တွင် မြစ်ရေတင်များရှိရာ မိုးစပါးသီးနှံတွင် မြစ်ရေတင်(၅)ခု အသုံးပြုပြီး နွေစပါးကိုတော့ မြစ်ရေတင်(၃)ခုတည်းသာ စိုက်ပျိုး နိုင်ပြီး ၂၀၂၃-၂ဝ၂၄ ခုနှစ်တွင် မြို့နယ်အတွင်း ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်နေ့က ဧရာဝတီမြစ်ရေဝင်ရောက်မှု ကြောင့် ငါ့သရောက်မြစ်ရေတင်၊ လက်ပန်ခြေပေါ်မြစ်ရေတင်နှင့် သူကောင်းတည်မြစ်ရေတင်မှာ ရှိတဲ့နွေစပါး စိုက်ဧက (၅၄၆၃)ဧက ပျက်စီးခဲ့ကြောင်း၊ ထိုပျက်စီးခဲ့မှုအပေါ် အုပ်စုအနေဖြင့် လက်ပန်ခြေပေါ်အုပ်စု၊ အထက်ညဉ့်အုပ်စုနဲ့ အောက်ညဉ့်အုပ်စုတို့မှာ နွေစပါးထိခိုက်၊ ပျက်စီးခဲ့သော တောင်သူများအား ထိခိုက်နစ်နာမှုအပေါ် တိုင်းဒေသကြီးဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးများ စိုက်ဧက(၅၅)ဧကအတွက် မျိုးစပါး(၈၂.၅)တင်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးဦးစီးဌာနက ပေးတဲ့စပါး မျိုးများကို တစ်ဧကအထွက် နှုန်းတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ စိုက်ပျိုးရေးဦးစီးဌာနမှပေးသော မျိုးကောင်းမျိုး သန့်များ၊ စိုက်ပျိုးနည်းစနစ်များ လိုက်နာဆောင်ရွက်ခြင်းဖြင့် တောင်သူများ အထွက်နှုန်းတိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း