ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စာ(အခမဲ့)သင်တန်းဖွင့်လှစ်

ကျောက်ဆည် မတ် 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားကျောင်းသူများနွေရာသီကျောင်းပိတ်ရက်တွင် အသိပညာဗဟိုသုတတိုးပွားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး ယနေ့ နံနက် ၈ နာရီက အခြေခံအင်္ဂလိပ်စာ (အခမဲ့)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသားကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံ အင်္ဂလိပ်စာ (အခမဲ့) သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အင်္ဂလိပ်ဆရာမ ဒေါ်အေးစုမွန်က Eight Parts of Speech ဝါစင်္ဂ(၈)မျိုးဖြစ်သည့် Noun (နာမ်)၊ Pronoun(နာမ်စား)၊ Adjective (နာမဝိသေသန၊ Verb(ကြိယာ)၊ Adverb(ကြိယာဝိသေသန)၊ Proposition(ဝိဘတ်)၊ Conjunction(စကားစပ်)၊ Interjection(အာမေဋိတ်) အကြောင်းများနှင့် Tenses(ကာလများ)ဖြစ်သည့် ပစ္စုပ္ပန်ကာလ၊ အတိတ်၊ အနာဂတ်ကာလများအကြောင်းကို စနစ်တကျ ဆက်လက်သင်ကြားပေးခဲ့ကြောင်းနှင့် အဆိုပါအခြေခံအင်္ဂလိပ်စာအခမဲ့သင်တန်းသို့   မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ (၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ မတ်လ ၃ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင် ခရိုင်(ပြန်/ဆက်)