ရန်ကင်းမြို့နယ်တွင် ၀က်သက်ဂျိုက်သိုး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ရန်ကင်း ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက်နေပြည်သူလူထုအခြေပြုလျက် ဘုန်း‌တော်ကြီးသင်ပညာရေးကျောင်းမှ အသက် ၉ လမှ ၁၅ နှစ်‌အာက် ကလေးငယ်များအား ၀က်သက်ဂျိုက်သိုးကာကွယ်ဆေးထိုးနှံပေးခြင်းကို ယ‌မန်နေ့ နံနက် ၉ နာရီအချိန်က စတင်၍ ရန်ကင်းမြို့နယ်တွင်းရှိ ဘုန်း‌ကြီး‌ကျောင်းများအရောက် လိုက်လံထိုးနှံ‌ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ၀က်သက်ဂျိုက်သိုးကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသီသီလတ်နှင့် ကျန်းမာရေးဝန်ထမ်းများက မိုးကောင်းဘုရား၀င်းရှိ ရွှေဟင်္သာဘုန်းကြီးကျောင်း၊ ကျောက်ကုန်းဘုန်းကြီးကျောင်း၊ မိုးကောင်းဘုန်းကြီးကျောင်းများရှိ အသက် ၉ လမှ ၁၅ နှစ်အောက် ကလေးငယ်(၅၈)ဦးတို့အား ၀က်သက်ဂျိုက်သိုးရောဂါဖြစ်ပွားမှုများအကြောင်း အသိပညာပေးရှင်းလင်းပြောကြားကာ ၀က်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြ‌ကြောင်း သိရသည်။

ရဲလေး(ပြန်ဆက်)