ချမ်းအေးသာစံ မတ် ၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြီးကြပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင် တက်ရောက်သည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ညွှန်ကြားချက်များအတိုင်း လိုက်နာစေရန်၊ မေးခွန်း/ အဖြေလွှာများအား စနစ်တကျဆောင်ရွက်စေရန် ကြီးကြပ်ရေးမှူးများအား မှာကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာစိုးမြင့်ထွန်းက တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမောစွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုများအား ရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦး၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)