မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေး‌ဟောပြောခြင်းနှင့် ဆေးစိမ်ခြင်ထောင်‌‌များ ပေးအပ်

မြစ်သား မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်‌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများ ကျန်းမာရေးနှင့်အညီ နေထိုင်နိုင်ရေးနှင့်ခြင်အန္တရာယ်နှင့်ပတ်သက်သောရောဂါများမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေး‌ဟောပြောခြင်းနှင့် ဆေးစိမ်ခြင်ထောင်‌‌များပေးအပ်ခဲ့ခြင်းကို မတ် ၃ ရက် နံနက် ၁၀နာရီက ရှမ်းပွဲရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေအောင်စိုးက ငှက်ဖျားရောဂါဖြစ်ပွားစေနိုင်သော အကြောင်းအရင်းများ၊ ရောဂါသွင်ပြင် လက္ခဏာများ၊ ငှက်ဖျား‌ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ပြုမှုနေထိုင်‌ရှောင်ရှားသင့်သည့် အကြောင်းအရာတို့ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်း အသိပညာပေးဟော ပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းပွဲရပ်ကွက်၌ ငှက်ဖျားဖြစ်နိုင်‌ခြေရှိသောမိသားစုများ၊ အသက် ၅ နှစ်အောက်ရှိသောမိသားစုဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် (၆၀) နှစ် အထက်ရှိသော မိသားစုဝင် အိမ်ထောင်စု ၇၁၂ အိမ်အတွက် ငှက်ဖျားရောဂါကာ ကွယ်နှိမ်နင်းရေးအတွက် အခမဲ့ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပူးပေါင်းပေးအပ်‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)