ရွှေပြည်သာ ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ အခြေခံကွန်ပျူတာ လေ့လာတတ်မြောက်နိုင်စေရန်အတွက် အခမဲ့ကွန်ပျူတာသင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်လတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကွန်ပျူတာအခြေခံပညာလေ့လာတတ်မြောက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သွားမည်ဖြစ်ရာ အခြေခံကွန်ပျူတာသင်တန်းကို မတ်လ ၃ ရက်မှစ၍ တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့ထိ တစ်ပတ်လျှင် ၃ ရက်ဖြင့် သင်တန်းကာလ ၅ပတ်ထိ ကျွမ်းကျင်နည်းပြများဖြင့် အခမဲ့သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
မေမွန်ထွဋ် (ပြန်/ဆက်)