အင်းစိန် ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်တွင် အသက် ၉ လ မှ ၁၅ နှစ်အာက် ကလေးငယ်များအား ၀က်သက်ဂျိုက်သိုးကာကွယ်ဆေးထိုးနှံပေးခြင်းကို ဖေဖော်ဝါရီလ နံနက် ၉ နာရီအချိန်က စတင်၍ အင်းစိန်မြို့နယ်တွင်းရှိ ဘုန်းကြီးကျောင်းများအရောက် လိုက်လံထိုးနှံဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ၀က်သက်ဂျိုက်သိုးကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနွယ်အိလှိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက အင်စိန်မြို့နယ် မြို့သစ် (က+ခ) ရပ်ကွက် စန္ဒကူးပရိယတ္တိစာသင်တိုက်နှင့် အင်းစိန်မြို့နယ်စော်ဘွားကြီးကုန်းရပ်ကွက် အာသောကာရုံရွှေကျင်ကျောင်းတိုက်တွင် အသက် ၁၅ နှစ်အောက် ကိုရင်လေးများအား ၀က်သက်ဂျိုက်သိုးရောဂါဖြစ်ပွားမှုများအကြောင်း အသိပညာပေးရှင်းလင်းပြောကြားကာ ၀က်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်ဆက်)