လူထုအခြေပြုဗဟိုဌာန (ဗဟန်း)တွင်စာရေးဆရာမ မြတ်နိုးရှင်း၏"လိုအပ်တာတွေ"ဆောင်းပါးဖြင့် Book Club စာဖတ်ဝိုင်းပြုလုပ်

 

ဗဟန်း ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာရေးဆရာမ မြတ်နိုးရှင်း၏"လိုအပ်တာတွေ"ဆောင်းပါးဖြင့် Book Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုး၊ ဗဟန်း Book Club အဖွဲ့ဝင်များ၊ မြန်မာ့တံခွန်အယ်ဒီတာချုပ် ဆရာဦးသူရဇော်နှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ စာရေးဆရာသမိုင်းမြို့မ ဘုန်းတေဇ၊ စာရေးဆရာမတင့်တယ်ခင်၊ စာရေးဆရာမ ညွှန့်ညွှန့်(ကလော)တို့က မုဒိတာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် မြန်မာ့တံခွန်အယ်ဒီတာချုပ်ဆရာဦးသူရဇော်က အဖွင့်အမှာစကားပြောကြားပြီး ဆောင်းပါးရှင် ဆရာမမြတ်နိုးရှင်းက" လိုအပ်တာလေးတွေ" ဆောင်းပါးကို ဖတ်ကြားပြီး တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များက ဆရာမ၏ ဆောင်းပါးကို ဖတ်ကြားခဲ့ကြပြီး စာအုပ်အပေါ်အယူအဆများကို ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် စာဖတ်ဝိုင်း၌ဆွေးနွေးခဲ့ကြသည့် အချက်များနှင့်ဆက်လျဉ်း၍ ဆရာမမြတ်နိုးရှင်းမှ "လိုအပ်တာလေးတွေ" စာအုပ်နှင့် ပတ်သတ်ပြီး ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီးမြန်မာ့တံခွန် အယ်ဒီတာချုပ် ဆရာဦးသူရဇော်က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုစာဖတ်ဝိုင်းသို့တက်ရောက်လာကြသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

သင်းသင်းစိုး(ခရိုင်ပြန်ဆက်)