ပင်လောင်းမြို့နယ်၌ (၇၇) နှစ်မြေက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနား ကျင်းပ

ပင်လောင်း မတ် ၄

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို မတ်လ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ရင်းမှီးရပ်ကွက်၌ ကျင်းပသည်။

ဦးစွာ ပွဲဖြစ်‌မြောက်ရေးဥက္ကဋ္ဌ ဦးခွန်စိန်မြင့်က အမှာစကားပြောကြားပြီး၊ ဦးအောင်ခမ်းထီထံမှ ပေးပို့သည့် (၇၇) နှစ်မြေက် ပအိုဝ်းအမျိုးသားနေ့ သ၀ဏ်လွှာအား ဦးခွန်သန်းလှိုင်ကလည်းကောင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုထံမှ ပေးပို့သည့် (၇၇) နှစ်မြေက် ပအိုဝ်းအမျိုးသားနေ့ သဝဏ်လွှာအား ဦးခင်မောင်ဦးက လည်းကောင်း ဖတ်ကြားကြသည်။

ထို့နောက် ပွဲဖြစ်‌မြောက်ရေးနာယက မြသိန်းတန်ပရိယတ္တိစာသင်တိုက် စာချကထိက ဥူးသုဝဏ္ဏက ပအိုဝ်းအမျိုးသားနေ့ပွဲတော် ကျင်းပခဲ့သည့် သမိုင်းကြောင်းနှင့် စာပေနှင့်ယဉ်‌ကျေးမှု မပပျောက်ရေးတို့ကို မြိုက်ကြားတော်မူပြီး၊ ဦးခွန်ကျော်ဝင်းက ပအိုဝ်းသမိုင်းကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ယင်းနောက် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်စွာဖြေဆိုအောင်မြင်သည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများ ဂုဏ်ပြုချီးမြှင့်‌ပေးအပ်ကြခဲ့ကြသည်။

အဆိုပါ (၇၇)နှစ်မြေက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ အမှတ် (၄) စစ်အခြေခံလေ့ကျင့်ရေးတပ် ဒုတိယတပ်မှူး ဒုတိယဗိုလ်မှူးကြီး စံအောင်ကျော်နှင့်အရာရှိများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးခွန်ကျော်မင်းထွန်း၊ ရပ်ကွက်/ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ယဉ်ကျေးမှုအကပဒေသာအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်