ကျောက်ဆည် မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာများအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မတ် ၃ ရက် နာရီ ၁၀ နာရီက အခြေခံ ပန်းချီ ရေးဆွဲနည်း(အခမဲ့)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာကေ-တောင်တန်းပြာက ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ နွေရာသီ အားလပ်ရက်များတွင် အချိန်ကိုကောင်းစွာအသုံးချပြီး သင်တန်းမှ သင်ပေးလိုက်သည့် အခြေခံပညာများကို အစပြု၍ ထူးချွန်ထက်မြတ်သော ပန်ချီဆရာများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စာရေးဆရာအသင်းနာယက ပန်းချီဆရာ ဦးစိုးမြင့်ဒွဏ်းက ပန်း ၁၀ မျိုး အကြောင်းနှင့် အခြေခံပန်ချီရေးဆွဲခြင်း သဘောတရားများကို ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပန်းချီရေးဆွဲနည်းများ လက်တွေ့သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၄၅)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို မတ် ၃ ရက်မှ ၁၇ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ သင်တန်းသား/ သင်တန်းသူများ ပန်းချီရေးဆွဲရာတွင် ပိုမိုထိရောက်စေရေး သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် အခြေခံပန်းချီသင်တန်းသို့ မြို့နယ်စာရေးဆရာအသင်းမှအလုပ်အမှုဆောင်များ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)