မြစ်သား မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင် အခြေခံကျကျ ရေးဆွဲတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲ နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် ၃ ရက် နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က အခြေခံပန်းချီရေးဆွဲနည်းသင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အခြေခံပန်းချီရေးဆွဲ ရာတွင်စနစ်တကျရေးဆွဲတက်စေရန်၊ ငယ်စဉ်ကတည်းက တီထွင်ဖန်တီးတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ သင်ကြားပြသပေးမည့်အတတ် ပညာများကို စိတ်ဝင်စားစွာလေ့လာသင်ယူသွားကြပြီး ပန်းချီပညာရှင်များဖြစ်အောင် ကြိုးစားသွားကြရန်လို ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းနည်းပြဆရာ ဦးဇော်ဇော်ဝင်း(ဒဏ္ဍာရီ)က အခြေခံပန်းချီရေးဆွဲနည်းဘာသာရပ်များ ဖြစ်သော အခြေခံမျဉ်းရေးဆွဲနည်း၊ အခြေခံစက်ဝိုင်းပုံ ရေးဆွဲနည်း၊ တိရစ္ဆာန်ပုံရေးဆွဲနည်း၊ လူမျက်နှာပုံရေးဆွဲနည်းနှင့် ရှုခင်းပုံရေးဆွဲနည်းများကို တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ အဆိုပါ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ကျောင်းသား၊ ကျောင်သူ ၆၅ ဦးတို့အား မတ် ၃ ရက်မှ ၁၄ ရက်အထိ သင်တန်းကာလ ၁၀ ရက်ကြာ နေ့စဉ် နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဝါဝါမြင့်(မြစ်သား)