မလှိုင် မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စီမံကိန်းတွင်ပါဝင်သော တောင်သူများအား ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀)မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို မတ် ၂ ရက် နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မလှိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ နွေသီးနှံစိုက်ပျိုးရန်အတွက် နှောကန် KC ၊ ညောင်အုပ်ကျေးရွာအုပ်စု၊ မြို့ကုန်းပုဂ္ဂလိကကန်ရေသောက်တွင် အောင်နိုင်တိုးစပါး (၅၆)ဧက၊ သင်ပုန်းဆည် ရေသောက်ဧရိယာ၊ မှရိုး KC ဖက်ကုန်းကျေးရွာအုပ်စုတွင် မိုးကြို ချည်မျှင်ရှည်ဝါ (၃၀)ဧကနှင့် ထမ္မကြီးကျေးရွာအုပ်စုတွင် (၅၀)ဧက စုစုပေါင်း (၈၀)ဧက လျာထားသတ်မှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဦးခင်မောင်ကြည်က နွေသီးနှံများရာသီအမီ စိုက်ပျိုးနိုင်ရေးအတွက် စီမံကိန်းတွင်ပါဝင်သော တောင်သူများအား ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပွဲသို့ တက်ရောက် လာကြသည့်တောင်သူ ၅၀တို့အား ထောက်ပံ့ ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)