ရန်ကုန် မတ် ၄
(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဂုဏ်ပြုဆုများချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ (၂)ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဘုရင့်နောင်ပန်းခြံ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ တောင်သူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် တောင်သူလယ်သမားနေ့သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဖတ်ကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် မိုးစပါးဧက(၁၀၀) စံပြစိုက်ကွက် စိုက်ပျိုးထုတ်လုပ်မှု မြို့နယ်ဆု၊ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်မှုဆု၊ မိုးစပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တောင်သူ ထူးချွန်ဆု၊ ဆောင်းသီးနှံပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု တောင်သူထူးချွန်ဆု၊ မြန်မာနွားသိုးပြိုင်ပွဲဆု၊ နို့စာနွား(မတမ်း)ပြိုင်ပွဲဆု၊ အသားတိုးနွားသိုးပြိုင်ပွဲဆု၊ လုပ်ကွက်ငယ် တိုင်းရင်းကြက်မွေးမြူသူစံပြဆု၊ လုပ်ကွက်ငယ် ဘဲမွေးမြူသူစံပြဆု၊ ပန်းအလှပြင်ဆင်ခြင်းဆု၊ သစ်သီးပုံဖော်ခြင်းဆု၊ သက်ကြီးပုပင် (Bonsai)ပြိုင်ပွဲဆု၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲဆု (ဟင်းသီး၊ ဥစား၊ အရွက်စား)၊ သစ်သီးဝလံများပြိုင်ပွဲဆု (အခိုင်လိုက်၊ သစ်သီး၊ နွယ်ပင်မှအသီး)တို့ကို ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် မျိုးကောင်းမျိုးသန့် ခိုင်းနွားသိုး၊ အသားတိုးနွားသိုး၊ နို့စားနွား(မတမ်း)ပြိုင်ပွဲတိုတွင် ဆုရနွားများကိုပြသမှုကို ကြည့်ရူအားပေးပြီး တက်ရောက်လာသော တောင်သူများအား Drum Seeder များကို မဲဖောက်ပေးအပ်သည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)