ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် (၂၅) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့် ဆွမ်းတော်ကြီး လောင်းလှူပွဲကျင်းပ

ပြင်ဦးလွင် မတ် ၄

တပေါင်းလပြည့်နေ့တွင် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် (၂၅) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့်  (၂၃) ကြိမ်မြောက်  သံဃာ့ဒါန ဆွမ်းတော်ကြီးလောင်းလှူပွဲကို  မတ် ၂ ရက် နံနက် ၇ နာရီက  ဘုရားကြီးရင်ပြင်တော်၌ ကျင်းပသည်။

အခမ်းအနားတွင် ရေငယ်ကုန်းမြင့်သာယာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇောဘာသထံမှ ကိုးပါးသီလခံယူစောင့်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တသုတ်အစရှိသော ပရိတ်တရားတော်များနာယူကြည်ညိုကြသည်။ ဆက်လက်၍ မြို့လယ်ရွှေစည်းခုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာစိဏ္ဏထံမှရေစက်ချ အနုမောဒနာတရားနာယူကြည်ညိုကြပြီး အခမ်းအနားကို  ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍  (၂၃) ကြိမ်မြောက်  သံဃာ့ဒါနဆွမ်းတော်ကြီး လောင်းလှူပွဲကျင်းပရာ  ပင့်သံဃာတော် ၁၀၈ ပါးအား ပြင်ဦးလွင်တပ်နယ်မှ  တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်းများနှင့်  လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

(ခရိုင်ပြန်/ဆက်)