ကျောက်ဆည် မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ ကျောက်ဆည်ခရိုင်အတွင်းရှိပြည်သူများ စားအုန်းဆီဝယ်ယူသုံးစွဲရာ၌ အခက်အခဲမရှိစေရေး အလှည့်ကျစနစ်ဖြင့် စားအုန်းဆီကို စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ မတ် ၃ ရက်က ရပ်ကွက်/ကျေးရွာ ၈ ခုမှ ပြည်သူများအား စားအုန်းဆီ ၂၃၃၄ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ အိမ်ထောင်စုတစ်စုလျင် စားအုန်းဆီဝယ်ယူခွင့်စာအုပ်များပြုလုပ်ပေးထားပြီး တစ်ကြိမ် ဝယ်ယူပါ ဆီ ၂ ပိဿာနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့် ဦးတင်လင်းအောင် (အမေထွား) ဆီအရောင်းဆိုင်မှ ကြောင်ပန်းကုန်း ကျေးရွာပြည်သူများအား စားအုန်းဆီ ပိဿာ ၂၂၀၊ ဒေါ်ကေဇာခိုင် (ဗိုလ်တစ်ထောင်) ဆီအရောင်းဆိုင်မှ လေးဆယ်ကုန်းကျေးရွာပြည်သူများအား စားအုန်းဆီ ပိဿာ ၃၃၀ ၊ ဒေါ်သဇင်အောင် (နေလသုခ) ဆီအရောင်းဆိုင်မှ ကျီးအိပ်ကျေးရွာပြည်သူများအား စားအုန်းဆီ ၆၈၄ ပိဿာ၊ ဒေါ်သီတာ (စစ်ငြိမ်း) ဆီအရောင်းဆိုင်မှ ခါးတက္ကုန်းကျေးရွာနှင့်ကြောင်းကျေးရွာ ပြည်သူများအား စားအုန်းဆီ ပိဿာ ၂၂၀၊ ဒေါ်စန်းစန်းဌေး (နေလသုခ ၂)ဆီအရောင်းဆိုင်မှ မင်းရပ် ရပ်ကွက်ပြည်သူများအား စားအုန်းဆီ ပိဿာ ၆၆၀၊ ဒေါ်သက်သက်မွန်(အနန္ဒဂုဏ်)ဆီအရောင်းဆိုင်မှ ပျားကျေးရွာနှင့်ပိတောက်တက်ကျေးရွာ ပြည်သူများအား စားအုန်းဆီ ပိဿာ ၂၂၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)