ပုသိမ်ကြီးမြို့မဈေးကြီးတွင် မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့် သရုပ်ပြသ 

ပုသိမ်ကြီး မတ် ၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်တွင် နွေရာသီရောက်ရှိလာပြီဖြစ်၍ ဈေးများမီးလာင်မီးလန့်မှုဖြစ်ပွားမှုမရှိစေရေး၊ ဖြစ်ပေါ်ခဲ့လျှင်လည်း၊ အရေးပေါ်မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် အချိန်နှင့်တစ်ပြေးညီတုန့်ပြန်ဆောင်ရွက်နိုင်ရေး မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့် သရုပ်ပြသမှုဆောင်ရွက်ခြင်းကို မတ် ၃ ရက် မွန်းလွဲ ၂ နာရီက ပုသိမ်ကြီးမြို့မဈေးကြီး၌ ပူးပေါင်း ဆောင်ရွက်သည်။

အဆိုပါ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့် သရုပ်ပြဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီး အရာရှိ ဦးမင်းသန့် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊  မြို့မအရန်တပ်ဖွဲ့ဝင်များ၊ မိုင်ကုန်းအရန်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၄ စီးတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး၊ မြို့မဈေးကြီး အတွင်း/အပြင် ဇာတ်တိုက်လေ့ကျင့် မီးငြှိမ်းသတ်မှုများ ဆောင်ရွက်ခဲ့ကြသည်။

မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းဆောင်ရွက်ရာသို့ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးမျိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဒုတိယဦးစီးမှူး ဒေါ်ညိုညိုစန်း၊ မြို့မဈေးတာဝန်ခံ ဦးသန်းနိုင်ဦး နှင့် မြို့နယ်လျှပ်စစ်ကျွမ်းကျင်တာဝန်ခံတို့ တက်ရောက်၍ ပူး‌ပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို ပြန်/ဆက်