ကျေးသီးမြို့နယ်နှင့် မိုင်းနောင်မြို့အတွင်း ဆောင်ရွက်လျက်ရှိသည့်နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူမှ ကွင်းဆင်းစစ်ဆေး

မိုင်းနောင် မတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်နှင့် မိုင်းနောင်မြို့အတွင်း ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများမှ မတ်လ ၃ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ပထမဦးစွာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့်အတူ ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် တာဝန်ရှိသူများသည် နားလင်လိုင်ကျေးရွာအတွင်း ဆောင်ရွက်နေသော မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများအား ဌာနမှသတ်မှတ်ထားသော ဒီဇိုင်းပုံစံများအတိုင်း အရည်အသွေး၊ စံချိန်စံညွန်းပြည့်မီစွာ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊မြေသားလမ်းဖောက်လုပ်ထားသည့်လမ်းများတွင် ရေနုတ်မြောင်း များ  စနစ်တကျ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ကာ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နားလင်လိုင်ကျေးရွာ၊ ဝိန်းကာင်ကျေးရွာများတွင် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည်  နယ်စပ်ရေးရာဝန်ကြီးဌာန၊နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မြေသားလမ်းနှင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးပါက ကျေးရွာနေ ဒေသခံပြည်သူများ အဆင်ပြေပြေသွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)