မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ‌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး 

မိတ္ထီလာ မတ်၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသူကျောင်းသားများအား အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် အသိပညာဗဟုသုတများရရှိစေရန် စာအုပ်စာပေများလေ့လာဖတ်ရှုကြရန် အသိပညာပေးဟောပြောသည်။ ဆက်လက်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းဓာတ်ပုံများ၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြိုင်ပွဲများမှ ပြိုင်ပွဲဝင်ဓာတ်ပုံများနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသရာ ကျောင်းသူကျောင်းသားများက စိတ်ဝင်တစားလေ့လာကြည့်ရှုကြကြောင်း သိရသည်။

ချမ်းသာ