မှော်ဘီ ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲပိုင်းအချိန်က “အနာဂတ်ကိုမျှော်တွေးပါ” နတ်သျှင်(ရွှေဂူ)၏စာအုပ်ဖြင့် ၀န်ထမ်းများစာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ၀န်ထမ်းများ မိမိတို့ဌာန၏ စာကြည့်တိုက်လုပ်ငန်းများ လိုက်နာရမည့်စည်းကမ်းချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ၀န်ထမ်းများအားလုံးအနေဖြင့် စာကြည့်တိုက်လုပ်ငန်းအတွင်းရှိ စာအုပ်စာစောင်များကိုလဲ သိရှိနားလည်အောင် ဖတ်ကြားထားရမှာဖြစ်ကြောင်း စသည်တို့ကိုဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဓာတ်ပုံ(၂)ဦးဝင်းဇော်က စာမျက်နာ၃၇ရှိ အနာဂတ်ကိုမျှော်တွေးပါ အနာဂတ်ကိုမျှော်တွေးပြီး ပစ္စုပ္ပန်မှာ အလုပ်လုပ်ပါ ချမ်းသာသူပဲဖြစ်ဖြစ်၊ ဆင်းရဲသူပဲဖြစ်ဖြစ် ဘာကြောင့်ဆင်းရဲနေရတာလဲ၊ ဘာကြောင့်ချမ်းသာနေတာလဲဆိုတာ တွေးဖို့လိုသလို ဆိုသည့်အတိုင်း ဖတ်ကြား၍ အငယ်တန်းစာရေး ဒေါ်ဖူးပွင့်က စာမျက်နာ၂၉ မှ ကိုယ်ချင်းစာစိတ်လေးရှိစေချင်တို့ကို ဖတ်ကြားဆွေးနွေးခဲ့သော အရာများအား ဝန်ထမ်းများက သိရှိလိုသောအချက်များကို အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစန်းဝင်းက ဖတ်ရှုဆွေးနွေးချက်များနှင့်စပ်လျဥ်း၍ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ် (ပြန်/ဆက်)