အိမ်မဲ မတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝရပ်ကွက်တွင် တည်ထား ကိုးကွယ်သော အိမ်မဲမြို့တည် သမိုင်းဝင်ရှင်ပင်ချမ်းသာကြီးဘုရား၌ တပေါင်းလပြည့်နေ့ ညနေပိုင်းမှ စတင်ကာ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားနေကြောင်း သိရသည်။
ဘုရားဖူးလာ ပြည်သူများက မြတ်စွာဘုရားအားရည်မှန်း၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံသာတိုင်များ ကပ်လှူခြင်း၊ အာရုံဆွမ်း၊ နေ့ဆွမ်း၊ နှင့်ရွှေသင်္ကန်းများကို ကပ်လှူပူဇော်ကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
တပေါင်းလပြည့်နေ့သည် မြန်မာပြက္ခဒိန်၏ ၁၂ လမြောက်ဖြစ်သော တပေါင်းလ၏ လပြည့်ရက် ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည်။ ဤနေ့ကို "ဘုရားပြည်တော်ဝင်ရန် အစပျိုး သောနေ့" ဟုလည်းကောင်း၊ "ကာဠုဒါယီမထေရ်မြတ်ကို အကြောင်းပြု၍ သာသနာ့မှတ်တိုင်များ စိုက်ထူ နိုင်ခဲ့သောနေ့" ဟုလည်းကောင်း သတ်မှတ်ကြကြောင်းသိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)