ရန်ကင်း မတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လူနေရပ်ကွက်များတွင် ပြည်သူများ မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် ပရိတ်တရားရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲအချိန်မှ ၄ နာရီမိနစ် ၂၀ အထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မီးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်မှုများမရှိစေရေး၊ အန္တရာယ်ကင်းကင်းနေထိုင်နိုင်ကြစေရန် ရည်ရွယ်၍ ရဟန်းသံဃာ (၅) ပါးဖြင့် ရပ်ကွက်များအတွင်း အန္တရာယ်ကင်းပရိတ်တရားများ လိုက်လံရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်လက်ထောက်မီးသတ် ဦးစီးမှူး ဦးဝေဖြိုးနိုင်ဦးဆောင်၍ သန္ဓေ (၆) ဦး၊ အရန် (၄) ဦး၊ မိုးစေတနာပရဟိတအသင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ရဲလေး (ပြန်ဆက်)