တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အင်္ဂလိပ်စာ (Basic Grammer) သင်တန်း အခမဲ့ဆက်လက်ဖွင့်လှစ်

တောင်ဥက္ကလာပ မတ် ၃

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက်ပွားများစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ Basic Grammer အင်္ဂလိပ်စာအခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းအချိန်က ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အင်္ဂလိပ်စာ (Basic Grammer) သင်တန်း ဆက်လက်ဖွင့်လှစ်ရာတွင် သင်တန်းနည်းပြဆရာ ဦးမြင့်မောင်က သင်တန်းတွင် English Basic Grammer တွင် Noun၊ Verb တို့နှင့်ပတ်သက်သည့် ရေးနည်း၊ တွေးနည်း၊ စဉ်းစားနည်း စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ သင်ကြားခဲ့ပါသည်။

အဆိုပါအင်္ဂလိပ်စာအခြေခံသင်တန်းသို့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ နံနက် ၉ နာရီခွဲမှ ၁၁ နာရီထိ သင်ကြားပို့ချပေးကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)