မြောက်ဥက္ကလာပမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ (၂၆၅၆) ဦး ဝင်ရောက်ဖြေဆိုမည်

မြောက်ဥက္ကလာပ မတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့ တွင်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စာစစ်ဌာန ၄ ခုတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေဆိုမည့် သူစာရင်းရှိ ကျောင်းသား ၉၆၇ ဦး၊ ကျောင်းသူ ၁၁၄၃ ဦးပေါင်း ၂၁၁၀ ဦး ၊ ပြင်ပဖြေဆိုသူ ကျောင်းသား ၂၄၈ ဦး၊ ကျောင်းသူ ၂၉၈၊ ပေါင်း ၅၄၆ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၆၅၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ဘာသာတွဲအနေဖြင့် STEAMS-1 တွင် ကျောင်းသား၊ ကျောင်းသူ ၁၇၀၄ ဦး ၊ STEAMS-2တွင် ကျောင်းသား ၊ ကျောင်းသူ ၉၂၂ ဦး၊ STAMS-1 တွင် ၃၀ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၆၅၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတို့တွင် စာစစ်ဌာနများ ဖွင့်လှစ်ပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)