ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်

ဒဂုံဆိပ်ကမ်း မတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၇၄) ရပ်ကွက်၊ ပုဏ္ဏမီလမ်းရှိ (230) KV ဧရာဝဏ်ပင်မဓာတ်အားခွဲရုံအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးဇော်မင်းဆန်းဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဈေးတာဝန်ခံနှင့် ဈေးဝန်ထမ်းများပူးပေါင်း၍ ဈေးဆိုင်ခန်းများတွင် လူတို့၏ ပေါ့ဆမှုကြောင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးနှင့် ထင်းမီး၊ မီးသွေးမီးဖိုနှင့် လျှပ်စစ်မီးများအသုံးပြု၍ ဂရုတစိုက် ချက်ပြုတ်သုံးစွဲရေး၊ မီးချိတ်၊ မီးကတ်၊ သဲပုံနှင့် ရေပုံးများ အရန်သင့်ထားရှိရေး၊ မီးဖိုချောင်အနီးတွင် မီးလောင်လွယ်သော လောင်စာများမထားရှိစေရေး၊ မီးသွေးနှင့် ထင်းမီးသုံးစွဲသူများ မြေစိုက်မီးဖိုကျင်းများတူ၍ လေကာထားရှိရေး၊ စားသောက်ဆိုင်၊ များအနေဖြင့် လျှပ်စစ်မီးလိုင်း၊ မီးကြိုးနှင့် မီးခလုပ်များအား စနစ်တကျသွယ်တန်းတပ်ဆင်ထားရှိပြီး အရေးပေါ်မီးသတ်ဆေးဘူးများ အရန်သင့်ချိတ်ဆွဲထားရှိရေးစသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လိုက်နာဆောင်ရွက်ရေး အကြံပြုဆွေးနွေးမှာကြားခဲ့သည်။

ဖြိုးစန္ဒာ